“မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နှင့် ပြင်ဦးလွင်မြို့ရှိ နှစ်ပေါင်း(၁၀၀)နှင့်အထက် ရှေးဟောင်းအဆောက်အအုံ များအား ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်”
21 Aug
နှစ်ပေါင်း(၁၀၀)နှင့်အထက် ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်ရှိ ဦးပိန်တံတားနှင့် ပြင်ဦးလွင်မြို့ရှိ သဇင်မြိုင်အဆောက်အအုံတို့ကို ရှေးဟောင်းမြို့ပြအမွေအနှစ် အမှတ် အသား ကမ္ပည်းမော်ကွန်းကြေးပြားများ တပ်ဆင်ခဲ့ကြောင်း သိရပါတယ်။ အမရပူရမြို့ တောင်သမန်အင်းရှိ နှစ်ပေါင်း(၁၀၀)နှင့်အထက် သက်တမ်းရှိတဲ့ ဦးပိန်တံတားတွင် ရှေးဟောင်း မြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြားများ တပ်ဆင်ခြင်းအခမ်းအနားကို ဩဂုတ်လ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် တို့က ကမ္ပည်းမော်ကွန်းကြေးပြားကို ဖွင့်လှစ်ပေးပြီး ဦးပိန်တံတား အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဆိုပါအထိမ်းအမှတ် ကမ္ပည်းကြေးပြားများ တပ်ဆင်ခြင်းအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ် ထိန်းသိမ်းစောင့်ရှောက်သလို ခရီးသွားမြှင့်တင်ရေးအတွက်လည်း အထောက်အကူပြုလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)