“(၈) ကြိမ်မြောက် သီတင်းကျွတ် ကျောက်မျက်ရတနာ အထူးအရောင်းပွဲတော် ကျင်းပမည်”
21 Aug
မြန်မာပြည်တွင်းမှထွက်ရှိတဲ့ အရည်အသွေးမြင့် ရတနာမျိုးစုံနှင့် ရှားပါးကျောက်မျက်များကို အနီးကပ် လေ့လာဝယ်ယူနိုင်မည့် (၈)ကြိမ်မြောက် သီတင်းကျွတ်ကျောက်မျက်ရတနာ အထူးအရောင်းပွဲတော်ကြီးကို အောက်တိုဘာလအတွင်း Times City ၌ ခမ်းနားစွာ ကျင်းပသွားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အရောင်းပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက် အထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Times City ရှိ Jewellery Mall ၌ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်၌ အရည်အသွေးမြင့် ရတနာအချောထည်များအပြင် အကြမ်းထည်ကျောက်မျက်များ၊ မြင်တွေ့ ရခဲသည့် ရှားပါးရတနာမျိုးစုံကို တစ်နေရာတည်းတွင် စုံလင်စွာပြသရောင်းချမည်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင် ကျော်ကြားသူပေါင်းများစွာလည်း ပါဝင်တက်ရောက်သွားမှာဖြစ်ပါတယ်။ ၎င်းပွဲတော်ကြီးသည် ကျောက်မျက်ရတနာကို စိတ်ပါဝင်စားသူများ၊ စေတနာရှင်များအတွက် လေ့လာနိုင်ရန် နှင့် မိမိနှစ်သက်ရာ ရတနာများကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရန်နှင့် အခွင့်အရေးများဖန်တီးပေးနိုင်ရန် ရည်ရွယ် ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျောက်မျက်ရတနာများ၏ အလှတရားနှင့်တန်ဖိုးကို ကိုယ်တိုင် တွေ့မြင် လေ့လာနိုင်ရန်အတွက် စိတ်ပါဝင်စားသူ ရတနာချစ်သူများကို Jewellery Mall သို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ (NVS-004)