“တညင်းကုန်း မီးရထားလမ်းခုံးကျော်တံတားကို PC Girder Steel Box Girder များဖြင့် လေးလမ်းသွားအဖြစ် တည်ဆောက်မည်”
21 Aug
တညင်းကုန်း မီးရထားလမ်းခုံးကျော်တံတားကို PC Girder Steel Box Girder များဖြင့် လေးလမ်းသွားအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ တညင်းကုန်း မီးရထားလမ်းခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ရန်ကုန်-ပြည် မီးရထားလမ်းနှင့် ခရေပင်ကားလမ်းတို့ဆုံရာတွင် တည်ဆောက်သွားမှာဖြစ်ပြီး အဆိုပါလမ်းပေါ်တွင် Express ယာဉ်၊ ကုန်တင်ယာဉ်၊ ၆ ဘီးအထက်ယာဉ်များ၊ အိမ်စီးကား ၃,၀၀၀ ကျော်ခန့်နှင့် ရန်ကုန်-ပြည် မီးရထားလမ်းမှာလည်း မြို့ပတ်ရထားများအပါအဝင် အစုန်/အဆန်ရထား ၂၃ စင်း နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိသည့်အတွက် တံတား တည်ဆောက်ပြီးစီးပါက ယာဉ်ကြောပိတ်ဆို့မှုများကို များစွာဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ တံတားတည်ဆောက်မည့်အခြေအနေကို ဩဂုတ်လ ၂၀ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကြည့်ရှုစဉ် တံတား တည်ဆောက်မည့် စီမံကိန်းကာလတွင် လျှပ်စစ်/ဆက်သွယ်ရေးတိုင်များ ရွှေ့ပြောင်းရမည့်ကိစ္စရပ်များ၊ တညင်းကုန်း ဈေးအဝင်လမ်းအား လမ်းလွှဲရန်ဆောင်ရွက်ရမည့် ကိစ္စရပ်များ စသည်တို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန်၊ တံတားတည်ဆောက်ဆဲကာလတွင် ယာဉ်သွားလာမှုလမ်းကြောင်းများ၌ ယာဉ်ကြောပိတ်ဆို့မှု များ မဖြစ်ပေါ်စေရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS-004)