“တရုတ်နိုင်ငံ၏ နာရီ ၂၄၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်သည့် နိုင်ငံအရေအတွက်ကို ၅၇ နိုင်ငံအထိ တိုးချဲ့လာ”

20 Aug

၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၀ ရက်မှစ၍ ကာဂျစ္စတန်၊ ဗီယက်နမ်နိုင်ငံသားများအနေဖြင့် နာရီ ၂၄၀ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းခွင့်မူဝါဒနှင့် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်နှင့် အတူ ပြည်ဝင်နိုင်သည့် မူဝါဒဖြင့် တရုတ်နိုင်ငံသို့ လာရောက်နိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေး ဌာနက ဩဂုတ်လ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် နာရီ ၂၄၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ဖြတ်သန်းခွင့်မူဝါဒ အသုံးပြုနိုင်သော နိုင်ငံအရေအတွက်မှာ ၅၇ နိုင်ငံအထိ တိုးလာပြီး ဟိုင်နန်ပြည်နယ်တွင် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်သည့် မူဝါဒအသုံးပြုနိုင်သော နိုင်ငံများအနေဖြင့်လည်း ၆၁ နိုင်ငံအထိ တိုးလာကြောင်း သိရသည်။ ကာဂျစ္စတန်၊ ဗီယက်နမ်နိုင်ငံသားများအနေဖြင့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ သေချာသော ခရီးစဉ်ရက်စွဲနှင့် ခရီးစဉ် ခရီးသွားလက်မှတ်များပါရှိပြီး တရုတ်နိုင်ငံအား ပြည်ဝင်ဖြတ်သန်း၍ တတိယနိုင်ငံ သို့မဟုတ် ဒေသသို့ သွားရောက်ပါက ပေကျင်း၊ ရှန်ဟိုင်း စသည့် ပြည်ပအတွက်ဖွင့်လှစ်ထားသော ပြည်ဝင်ဂိတ်များထံမှ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်ကာ သတ်မှတ်ထားသောဒေသအတွင်း၌ နာရီ ၂၄၀ ထက် မကျော်လွန်ဘဲ နေထိုင် နိုင်ကြောင်း သိရသည်။ အဆိုပါနှစ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ဟိုင်နန်ပြည်နယ်၏ ပြည်ဝင်ဂိတ်များမှတစ်ဆင့် ပြည်ဝင်ပြီး ဟိုင်နန်ပြည်နယ် အုပ်ချုပ်ရေးဒေသအတွင်း၌ ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၃၀ ထက် မကျော်လွန်ဘဲ နေထိုင်နိုင်သည်။ အထက်ပါ ဗီဇာကင်းလွတ်ခွင့် မူဝါဒနှစ်ရပ်အားအသုံးပြု၍ ပြည်ဝင်သည့်ကာလအတွင်း ခရီးသွားလာမှု၊ စီးပွားကုန်သွယ်မှု၊ လေ့လာရေးခရီး၊ ဆွေမျိုးမိသားစုနှင့်တွေ့ဆုံမှုစသည့် ကာလတိုလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ပြီး အလုပ်လုပ်ခြင်း၊ ပညာသင်ကြားခြင်း၊ သတင်းအင်တာဗျူးမေးမြန်းခြင်း စသည့် ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သော လှုပ်ရှားမှုများအတွက်မူ တရုတ်နိုင်ငံသို့ မလာရောက်ခင် ဗီဇာလျှောက်ထားရန် လိုအပ်သည်။ ကာဂျစ္စတန်၊ ဗီယက်နမ် နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့် မူဝါဒနှစ်ရပ် ကျင့်သုံးခြင်းသည် အဆင့်မြင့် ပြည်ပသို့ တံခါးဖွင့်လှစ်မှုအား တည်ငြိမ်စွာတွန်းအားပေးပြီး အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းကို တွန်းအားပေးသည့် လက်တွေ့အစီအမံဖြစ်ကြောင်း၊ နှစ်ဖက်အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်တင်ရန်၊ ခရီးသွားလာမှုနှင့် ကုန်သွယ်စီးပွားလုပ်ကိုင်မှု၊ ခရီးစဉ်လာရောက် ရင်းနှီးမြှုပ်နှံမှုအား ပိုမိုအဆင်ပြေချောမွေ့စေပြီး ထိရောက်မှုမြင့်မားခြင်း တွန်းအားပေးရန်အတွက် အကျိုးပြုကြောင်း တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာန သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်က မိတ်ဆက်ပြောကြားခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနသည် ဖွံဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို စုစည်းစီမံခန့်ခွဲကာ စည်းကမ်းရှိ၍ စနစ်ကျသော ပြည်ဝင်ပြည်ထွက် စီမံခန့်ခွဲမှုစနစ်ကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပလူပုဂ္ဂိုလ်များ ဝင်ထွက်သွားလာမှုနှင့် နိုင်ငံတကာ ပူးပေါင်း ဖလှယ်မှုကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ပြီး နိုင်ငံတော်၏ အဆင့်မြင့်ပြည်ပတံခါးဖွင့်လှစ်မှု အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်မှုကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

20 Aug

ADVERTISE HERE .