“အီရန်အပေါ် ဖျက်ဆီးမှုအသွင် စီးပွားရေးလှုပ်ရှားမှု လုပ်ဆောင်ကြောင်း ထရမ့် ကြေညာ”

20 Aug

အီရန်နှင့်ဆွေးနွေးညှိနှိင်းမှု ရပ်တန့်နေခြင်းကြောင့် အီရန်အပေါ် ဖျက်ဆီးမှုအသွင် စီးပွားရေးလှုပ်ရှားမှု လုပ်ဆောင်ကြောင်း အမေရိကန်သမ္မတ ထရမ့် က ဩဂုတ်လ ၁၉ ရက်တွင် ကြေညာခဲ့သည်။ အီရန်အနေဖြင့် အမေရိကန်နှင့် သဘောတူညီချက်ရရှိရန် အခွင့်အရေးကောင်း လက်လွတ်သွားပြီ ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အီရန်အပေါ် သမိုင်းကြောင်းတစ်လျှောက် နိုင်ငံအားဦးတည်သည့် ဖျက်ဆီးနိုင်မှုအရှိဆုံး စီးပွားရေးလှုပ်ရှားမှု လုပ်ဆောင်မည်ဟု ကြေညာလိုက်ကြောင်း၊ ထို့ပြင် ထိုလှုပ်ရှားမှုကို ယခင်ကမရှိခဲ့ဖူးသည့် စီးပွားရေးစစ်ပွဲနှင့် အထီးကျန်စေသည့် လှုပ်ရှားမှုတစ်ရပ်ဟု ခေါ်ဆိုခဲ့ကြောင်း ထရမ့် က လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ ထရမ့် က မိမိနိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်း၊ ကုမ္ပဏီလုပ်ငန်း၊ လေဆိပ် သို့မဟုတ် အစိုးရအဖွဲ့အစည်းများက အီရန်သို့ မည်သည့်အသွင်ပုံစံမျိုးဖြင့်မဆို ပံ့ပိုးရန်ခွင့်ပြုထားသည့် မည်သည့်နိုင်ငံမဆို ဆိုးရွားသော စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ပြောကြားခဲ့သည်။ ထို့ပြင် အီရန်အား အထီးကျန်စေပြီး အီရန်၏ခြိမ်းခြောက်မှုကို ချေမှုန်းရန်လည်း ၎င်းက အမေရိကန်နှင့်အတူ အမေရိကန်၏ မဟာမိတ်အားလုံးကို တိုက်တွန်းခဲ့သည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က လာမည့်သီတင်းပတ် တစ်ပတ်အတွင်း အီရန်အပေါ် ယခင်ကမရှိခဲ့ဖူးသည့် စီးပွားရေးဆိုင်ရာ အထီးကျန်စေမှုအစီအမံများ လုပ်ဆောင်ကြောင်း ထုတ်ပြန်ကြေညာကာ ဟော်မုဇ်ရေလက်ကြား၌ ပိတ်ဆို့မှုနှင့်တွဲဖက်ပြီး အီရန်ဆိပ်ကမ်းသို့ မည်သည့်ကုန်ပစ္စည်းမဆို ပို့ဆောင်တင်ပို့မှုအား တားဆီးသွားမည်ဖြစ်ကြောင်း ယခင်သီတင်းပတ်က သတိပေးပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

20 Aug

ADVERTISE HERE .