“အမေရိကန်ဖက်ဒရယ်အစိုးရကြွေးမြီ ကန်ဒေါ်လာ ၄၀ ထရီလီယံ ကျော်လွန်”
20 Aug
အမေရိကန်ဘဏ္ဍာရေးဌာနက ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ အမေရိကန် ဖက်ဒရယ်အစိုးရ ကြွေးမြီစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံကို ကျော်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ အချက်အလက်များအရ ဩဂုတ်လ ၁၈ ရက်အထိ အမေရိကန်ဖက်ဒရယ်အစိုးရ၏ ပေးဆပ်ခြင်းမရှိသေးသော ပြည်သူ့ကြွေးမြီစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၀၅ ထရီလီယံရှိကြောင်း၊ ယင်းအနက် အများပြည်သူ လက်ဝယ်ရှိသော ကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂၇ ထရီလီယံဖြစ်ပြီး အစိုးရဌာနများအကြား ကိုင်ဆောင် ထားသော ကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၈ ထရီလီယံဖြစ်ကြောင်း သိရသည်။ အမေရိကန်မီဒီယာများက ဘဏ္ဍာရေးအခြေခံအုတ်မြစ် အားနည်းနေသော အမေရိကန်အတွက် အစိုးရ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံ ကျော်လွန်ခြင်းသည် နိမိတ်မကောင်းတဲ့ မှတ်တိုင်တစ်ခု ဖြစ်သည်ဟု ယူဆကြသည်။ အမေရိကန်ဖက်ဒရယ်ဘတ်ဂျက် တာဝန်ခံကော်မတီဥက္ကဋ္ဌ Maya MacGuineas က ဩဂုတ်လ ၁၉ ရက်တွင် ထုတ်ပြန်သောကြေညာချက်တစ်ခု၌ အမေရိကန်ပြည်သူများ ကိုင်ဆောင်ထားသော ကြွေးမြီသည် စီးပွားရေး အတိုင်းအတာကို ကျော်လွန်နေပြီဖြစ်ကာ လိုငွေပြမှုအချိုးအစားသည် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)တွင် ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှု ရည်မှန်းချက်အဆင့်ထက် နှစ်ဆရှိနေကာ အတိုးပေးချေမှုမှာ ကာကွယ်ရေးအသုံးစရိတ်ကိုပင် ကျော်လွန်နေပြီဖြစ်ရာ ဤအရာအားလုံးသည် သတိပေးချက်များဖြစ်သည်ဟု ပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံကြွေးမြီက အစိုးရရဲ့ စာရင်းစာအုပ်ထဲမှာသာ တည်ရှိနေတာ မဟုတ်ဘဲ စီးပွားရေးစနစ်တစ်ခုလုံးကိုလည်း စိမ့်ဝင်နေပြီး နောက်ဆုံးမှာ ပြည်သူများရဲ့ အိတ်ကပ်ထဲထိ သက်ရောက်မှုရှိလာမယ်။ ချေးယူမှုများလေ၊ ငွေကြေးဖောင်းပွမှုပိုမိုဆိုးရွားလေဖြစ်တယ် ဟု ၎င်းကဆိုသည်။ အမေရိကန်ပါတီနှစ်ရပ်ဆိုင်ရာ မူဝါဒသုတေသနစင်တာဥက္ကဋ္ဌ Margaret Spellings က အမေရိကန်၏ လက်ရှိ ဘဏ္ဍာရေးမူဝါဒသည် ရေရှည်တည်တံ့နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ကျွန်မတို့ဟာ ချောက်ကမ်းပါးဆီ အရှိန်နဲ့ မောင်းနှင်နေတယ်။ ဒါပေမဲ့ အခြေအနေကို ပြောင်းလဲဖို့ကျတော့ ငြင်းဆန်ကြတယ်၊ ဖက်ဒရယ်ကြွေးမြီသည် လူနေမှုစရိတ်ကို မြှင့်တင်ပေးပြီး အခြားအသုံးစရိတ်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖြတ်တောက်လိုက်ကာ အမေရိကန် စီးပွားရေးနှင့် ရေရှည်သာယာဝပြောရေးကို ခြိမ်းခြောက်နေသည်ဟု ၎င်းကပြောကြားခဲ့သည်။ အမေရိကန်ဖက်ဒရယ်အစိုးရ ကြွေးမြီသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အတန်အသင့် မြန်ဆန်သော တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားခဲ့ပြီး ငွေချေးစာချုပ်ဈေးကွက်တွင် စိုးရိမ်မှုများနှင့် အစိုးရငွေချေးစာချုပ် အမြတ်နှုန်းထားများ မြင့်တက်လာစေခဲ့သည်။ အတိုးပေးချေမှုများ တိုးလာခြင်းသည် အမေရိကန်ကြွေးမြီစုစုပေါင်း ပမာဏအား ချဲ့ထွင်မှုကို တစ်ဆင့်တိုးမြှင့်တင်ပေးခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)