ကုန်ဈေးနှုန်းသတင်း ၂၀.၈.၂၀၂၆

20 Aug

ဩဂုတ်လ ၂၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ကြက်သွန်ဖြူဈေးကတော့ အနည်းငယ် တက်လာပါတယ်။ ထန်းလျက်၊ သကြား၊ အခြားပဲအများစုနဲ့ ကြက်သွန်နီဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၅,၄၉၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၅,၁၄၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၅,၅၃၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၁၅၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၃၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၂,၆၉၅ ကျပ်ကနေ ၁၅,၀၄၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၆၉၅ ကျပ်ကနေ ၁၄,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၄၀ ကျပ်ကနေ ၁,၇၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၅၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၈,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၆,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၆,၃၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၆၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၅,၀၀၀ ကျပ်ကနေ ၉၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၈၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၄၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၆၅၀ ကျပ်၊ မန္တလေးမှာ ၃,၈၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၇၅၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၇၇၀ ကျပ်၊ မန္တလေး မှာ ၃,၉၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၈၈၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၀၂၀ ကျပ်၊ မန္တလေးမှာ ၄,၁၇၀ ကျပ်၊ နေပြည်တော်မှာ ၄,၁၂၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၈၇၀ ကျပ်၊ မန္တလေးမှာ ၅,၀၂၅ ကျပ်၊ နေပြည်တော်မှာ ၄,၉၇၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ် (၇,၀၅၀,၀၀၀ိ/-) သိန်းခုနစ်ဆယ် ငါးသောင်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၂၃၀,၀၀၀ိ/-) သိန်းတစ်ရာ နှစ်သိန်း သုံးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

20 Aug

ADVERTISE HERE .