“ဂိုးသမား ဆူဇူကီး ကို ခေါ်ယူခဲ့ အက်စတွန်ဗီလာအသင်း”

20 Aug

အက်စတွန်ဗီလာအသင်းက ပါးမားအသင်းရဲ့ ဂျပန်ဂိုးသမား ဆူဇူကီး ကို ယူရို ၃၅ သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းက ဆူဇူကီး အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ အပြင် အပိုဆုကြေး ယူရို ၅ သန်းပေးချေရမှာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်မှာ ဂျပန်ကစားသမားတွေ လာရောက်ကစားဖူးပေမယ့် ဂိုးသမားအနေနဲ့ ကစားဖူးခြင်းမရှိသေးတာကြောင့် ဆူဇူကီး က ပရီးမီးယားလိဂ်ရောက် ပထမဆုံးဂျပန်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို အက်စတွန်ဗီလာအသင်းရဲ့ ပထမဆုံး ဂျပန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ နည်းပြ အူနိုင်းအမ်မရီကတော့ ဆူဇူကီး ကို ပထမဦးစားပေးဂိုးသမားအဖြစ် ရေရှည်နေရာပေးသွားဖို့ ရည်ရွယ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဆူဇူကီး ကို ခေါ်ယူတဲ့နေ့မှာပဲ အက်သလက်တီကိုအသင်းက အီတလီနောက်ခံလူ ရူဂါရီ ကိုလည်း ယူရိုသန်း ၂၀ နဲ့ ခေါ်ယူပြီး ၅ နှစ်စာချုပ် ချုပ်ဆို ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

20 Aug

ADVERTISE HERE .