“ဘရိုက်တန်အသင်း ကစားသမား ဘာလီဘာ ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်တဲ့ မန်ယူအသင်း”

20 Aug

မန်ယူအသင်းဟာ ဘရိုက်တန်အသင်းက ကစားသမား ဘာလီဘာ ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းက ဘာလီဘာ အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အပိုဆုကြေး ပေါင် ၅ သန်း နဲ့ ကမ်းလှမ်းမှုပြုလုပ်ထားပြီး ဘရိုက်တန်အသင်း လိုချင်နေတဲ့ တန်ဖိုးပမာဏထက် လျော့နည်းနေပေမယ့် သဘောတူညီမှုရဖွယ်ရှိကြောင်း သိရပါတယ်။ ဘရိုက်တန်အသင်းက ဘာလီဘာ အတွက် ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းဝန်းကျင် အလိုရှိနေပေမယ့် မန်ယူအသင်းနဲ့ ညှိနှိုင်းမှုအဆင်ပြေနိုင်ကြောင်း သုံးသပ်နေကြပါတယ်။ မန်ယူအသင်းက ဘာလီဘာကို ၂၀၃၁ ခုနှစ်အထိ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအတွက်သာ ဘရိုက်တန်အသင်းနဲ့ ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။ (NVS 008)

20 Aug

ADVERTISE HERE .