“မန်စီးတီးအသင်းကစားသမား နီကိုဂွန်ဇာလက်ဇ် ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ နယူးကာဆယ်အသင်း”
20 Aug
နယူးကာဆယ်အသင်းဟာ မန်စီးတီးအသင်းကစားသမား နီကိုဂွန်ဇာလက်ဇ် ကို ခေါ်ယူဖို့ ဆွေးနွေးလျက် ရှိကြောင်း သိရပါတယ်။ နီကိုဂွန်ဇာလက်ဇ် ဟာ ၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့မှာမှ ပေါ်တိုကနေ မန်စီးတီးကို ပေါင်သန်း ၅၀ နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၅၉ ပွဲကစားပြီး ၄ ဂိုးသွင်းယူထားတဲ့ နီကိုဂွန်ဇာလက်ဇ် က ပုံမှန်ပွဲကစားခွင့်ရရှိဖို့ လိုအပ်နေချိန်မှာ နယူးကာဆယ်အသင်းက ချဉ်းကပ်လာခြင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ် ကို အာဆင်နယ်အသင်းသို့ ရောင်းထုတ်ခဲ့ရတာကြောင့် နီကိုဂွန်ဇာလက်ဇ် နဲ့ ပြန်လည်အစားထိုးလိုခြင်းဖြစ်ပြီး မန်စီးတီးအသင်းကလည်း ကစားသမားသစ်တွေအတွက် အသုံးစရိတ်ကာမိစေဖို့ နီကိုဂွန်ဇာလက်ဇ်ကို ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)
20 Aug