“မန်ယူအသင်းက ဖာနန်ဒက်စ် အတွက် ကမ်းလှမ်းလာမှုများအား ပယ်ချရန်ဆုံးဖြတ်”

19 Aug

မန်ယူအသင်းက နွေရာသီအပြောင်းအရွှေ့ လက်ကျန်ကာလအတွင်း အသင်းခေါင်းဆောင် ဖာနန်ဒက်စ် အတွက် ကမ်းလှမ်းလာမှုအားလုံးကို ပယ်ချသွားရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ တူကီယဲကလပ် ဂါလာတာစာရေးအသင်းနဲ့ အီတလီ ထိပ်တန်းကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အေစီမီလန်အသင်းတို့က ဖာနန်ဒက်စ် ကိုခေါ်ယူရန် စီစဉ်နေပါတယ်။ အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ် နဲ့ မန်ယူအသင်းတို့ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေပြီး နောက်ထပ်တစ်နှစ် အလိုအလျောက်သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ယူအသင်း ကနေ ဖာနန်ဒက်စ် အနေနဲ့ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် ဖာနန်ဒက်စ် က အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၂၁ ကြိမ်နဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။(NVS 008)

19 Aug

ADVERTISE HERE .