“ဩဂုတ်လအတွက် အမျိုးသမီးတင်းနစ်ကစားသမားများ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဆာဘာလင်ကာ ထိပ်ဆုံး၌ရပ်တည်”

19 Aug

ဩဂုတ်လအတွက် အမျိုးသမီးတင်းနစ်ကစားသမားများ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ ဘယ်လာရုစ် ထိပ်တန်းတင်းနစ်မယ် ဆာဘာလင်ကာ က ကမ္ဘာ့အဆင့်(၁)နေရာတွင် ရပ်တည်ခဲ့ကြောင်း Sportskeeda Tennis သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းတင်းနစ်ပြိုင်ပွဲများတွင် ဂရင်းစလန်းဆုဖလားအပါအဝင် အဓိကဆုဖလားသုံးကြိမ် ဆွတ်ခူးထား သည့် ဆာဘာလင်ကာ က အမျိုးသမီးတင်းနစ်ကစားသမားများတွင် ကမ္ဘာ့အဆင့်(၁)၌ ကာလအတန်ကြာ ရပ်တည် နေသူဖြစ်ပြီး ဩဂုတ်လအတွက် အဆင့်သတ်မှတ်ချက်တွင်လည်း ရမှတ် ၈,၆၇၀ မှတ်ဖြင့် အဆင့်(၁)နေရာတွင် ဆက်လက်ရပ်တည်နေခြင်းဖြစ်ပါတယ်။ ဆာဘာလင်ကာ ရဲ့နောက်တွင် ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာ က ၈,၃၁၆ မှတ်ဖြင့် အဆင့်(၂)၊ အမေရိကန်တင်းနစ်မယ်များဖြစ်ကြသည့် ပီဂူလာ က ၆,၆၈၀ မှတ်ဖြင့် အဆင့်(၃)၊ ကိုကိုဂတ်ဖ် က ၅,၉၁၉ မှတ်ဖြင့် အဆင့်(၄)၊ ပိုလန်တင်းနစ်မယ် စပီယာတက်ခ် က ၅,၄၁၉ မှတ်ဖြင့် အဆင့်(၅)၊ ရုရှားတင်းနစ်မယ် အန်ဒရီဗာ က ၅,၃၂၃ မှတ်ဖြင့် အဆင့်(၆)၊ ချက်တင်းနစ်မယ်များဖြစ်သည့် မူချိုဗာ က ၅,၀၄၈ မှတ်ဖြင့် အဆင့်(၇)၊ နော့စ်ကိုဗာ က ၅,၀၁၆ မှတ်ဖြင့် အဆင့်(၈)၊ ယူကရိန်းတင်းနစ်မယ် စဗစ်တိုလီနာ က ၄,၆၃၄ မှတ်ဖြင့် အဆင့်(၉)၊ အမေရိကန် တင်းနစ်မယ် အန်နီဆီမိုဗာ က ၄,၃၅၃ မှတ်ဖြင့် အဆင့်(၁၀)နေရာတွင် ရပ်တည်နေကြောင်း သိရပါတယ်။(NVS 008)

19 Aug

ADVERTISE HERE .