ရေဓာတ်ချို့တဲ့နေတဲ့ လက္ခဏာများ
18 Aug
ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ရေဓာတ်ချို့တဲ့နေတဲ့ လက္ခဏာများအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ ရေဓာတ်က ခန္ဓာကိုယ်အတွက် အများကြီး အရေးပါပါတယ်။ သက်ရောက်မှုလည်း အများကြီးရှိပါတယ်။ ရေဓာတ်ချို့တဲ့သောအခါမှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက် တစ်ချို့လည်း အဆင်မပြေနိုင်သလို ကျောက်ကပ်အတွက်လည်း လုံးဝမကောင်းပါဘူး။ တခြားနောက်ဆက်တွဲ ရောဂါတွေလည်း အများကြီး ဖြစ်လာနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ အဖြစ်များသော လက္ခဏာများမှာ ခံတွင်းခြောက်ခြင်း၊ အဝါရင့်ရောင် ဆီးသွားခြင်း၊ ဆီးသွားနဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ ပါဝင်တယ်။ ဒါ့အပြင် အရေပြား ခြောက်သွေ့ခြင်း၊ ဝမ်းချုပ်ခြင်း၊ ကြွက်သားများ ကြွက်တက်ခြင်း၊ ဗိုက်ဆာခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အသက်ရှုမြန်ခြင်းနဲ့ မျက်လုံးများ တိမ်ကောစေခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ ဆီးအရောင်ရင့်ခြင်းက ရေဓာတ်ခမ်းခြောက်တာ ဖြစ်ပါတယ်။ ဆီးသည် အဝါရင့်ရောင် သို့မဟုတ် ပယင်းရောင် (amber) သန်းနေပါက သင့်ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးနေလို့ ဖြစ်ပါတယ်။ ပါးစပ်အလွန်ခြောက်သွေ့ပြီး ရေအလွန်သောက်ချင်စိတ်ဖြစ်ပေါ်ခြင်းတို့က သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တာ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းက ပါးစပ်နဲ့ နှုတ်ခမ်းခြောက်သွေ့ခြင်း သို့မဟုတ် ပါးစပ်အတွင်းပိုင်းတွင် ကပ်စေးစေး ဖြစ်နေသလို ခံစားရတတ်ပါတယ်။ ခေါင်းမူးခြင်းလည်း ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်တွင်း ရေပမာဏ လျော့နည်းသွားပါက သွေးပေါင်ချိန်ကျဆင်းနိုင်ပြီး ဦးနှောက်သို့ သွေးစီးဆင်းမှု လျော့နည်းသွားစေနိုင်ပါတယ်။ ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါများတွင် ရေဓာတ်လုံလောက်စွာ မရရှိတဲ့အခါမှာ ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းတို့ကို ခံစားရနိုင်ပါတယ်။ တစ်နေ့ကို အူမကြီးလှုပ်ရှားမှုက တစ်ကြိမ်ကနေ နှစ်ကြိမ်ခန့်ရှိသင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ခန္ဓာကိုယ်ထဲက ရေနဲ့အစာတွေ မလှုပ်ရှားဘူးလို့ ပြသနေတာပါပဲ။ ရေက အစာခြေစနစ်အဆင်ပြေစေဖို့အတွက် အရေးကြီးပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ ရေဓာတ်ခမ်း ခြောက်ခြင်းက ပတ်သက်နေပါတယ်။ ဒါ့အပြင် အရေပြားက ဝက်ခြံတွေ၊ အရေပြားခြောက်သွေ့မှုတွေနဲ့ နှင်းခူတွေ ဖြစ်ပေါ်နေပြီဆိုရင် သင် ရေများများ သောက်သင့်နေပြီလို့ ပြသနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ကျောက်ကပ်က လင့်(သွေးဖြူဆဲလ်တွေပါတဲ့ အရည်ကြည်) အတွက် အရည်ကြည်တွေ စစ်မထုတ်ပေး တော့ဘူးဆိုရင် အရေပြားက အရောင်ဖျော့လာတာမျိုး၊ ခြောက်သွေ့ လာတာမျိုး၊ နှင်းခူဖြစ်လာတာမျိုး၊ ဝက်ခြံထွက်လာ တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့် အရေပြားက သင့်ကျောက်ကပ်ရဲ့ပြယုဂ်ပါပဲ။ အထက်ပါ လက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက် နေတာဖြစ်ပြီး ရေကို ခန္ဓာကိုယ်အတွက် လုံလောက်စွာ သောက်သုံးပေးသင့်ပါတယ်။ (NVS 003)