“WFP က မြန်မာရေဘေးသင့်ဒေသများမှာ အရေးပေါ်စားနပ်ရိက္ခာ ကူညီမှုများစတင်”

18 Aug

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ အာဟာရဖြည့်အသင့်စား ဘီစကွတ်များ ဖြန့်ဝေပေး လျက်ရှိကြောင်း WFP က ထုတ်ပြန်ချက်အရ သိရပါတယ်။ အလျင်အမြန် ဆန်းစစ်လေ့လာချက်များအရ လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၉၈ ရွာမှ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး WFP က ဒေသခံမိတ်ဖက် အဖွဲ့အစည်းများထံသို့ အာဟာရဖြည့်ဘီစကွတ် မက်ထရစ်တန် ၂၀ ပေးပို့ထားပြီး လူဦးရေ ၁၀,၀၀၀ အတွက် လုံလောက်တဲ့ အရေးပေါ်ရိက္ခာများကိုလည်း ဖြန့်ဝေ ပေးလျက်ရှိနေပါတယ်။ WFP အနေနဲ့ ရေဘေးသင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ လိုအပ်ချက်များကို ဆက်လက်အကဲဖြတ်နေပြီး သွားလာခွင့်အခြေအနေနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်ကာ အကူအညီအလိုအပ်ဆုံး ဒေသများသို့ စားနပ်ရိက္ခာ ထောက်ပံ့မှုများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။ (NVS-004)

18 Aug

ADVERTISE HERE .