“မန္တလေးမြို့၌ မြန်မာ့ရိုးရာအစားအစာ ပြိုင်ပွဲနှင့် ပြပွဲကျင်းပမည်”

18 Aug

Taste of the Golden Land 2026 မြန်မာ့ရိုးရာအစားအစာ ပြိုင်ပွဲနှင့် ပြပွဲကို ဩဂုတ်လ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် Myanmar Convention Center(MCC) ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲနှင့်ပြိုင်ပွဲကို မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးအသင်းကကြီးမှူးပြီး မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက အကောင်အထည်ဖော် ကျင်းပခြင်းဖြစ်ပါတယ်။ မြန်မာ့အစားအစာများကို နိုင်ငံတကာအဆင့် တည်ခင်းဧည့်ခံမှုပုံစံများဖြင့် မိတ်ဆက်နိုင်ရန် ရည်ရွယ်ကာကျင်းပခြင်းဖြစ်ပါတယ်။ ပြပွဲတွင် ပြခန်းပေါင်း ၁၃၅ ခန်း ပါဝင်ပြသမှာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသထွက်အစားအစာများနှင့် တရုတ်အစားအစာအချို့ကို ပြသရောင်းချသွားမှာဖြစ်သလို အစားအစာပြိုင်ပွဲတွင်လည်း မန္တလေးမြို့ရှိ စားသောက်ဆိုင် ရှစ်ဆိုင်မှ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ Taste of the Golden Land 2026 မြန်မာ့ရိုးရာအစားအစာ ပြိုင်ပွဲနှင့် ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းတွင် ကျင်းပမှာဖြစ်ပြီး အများပြည်သူများအနေနဲ့ မွန်းတည့် ၁၂ နာရီနောက်ပိုင်းနှင့် ဩဂုတ်လ ၂၃ ရက်တို့တွင် လာရောက်လည်ပတ်နိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။ (NVS-004)

18 Aug

ADVERTISE HERE .