“အန်ဇိုဖာနန်ဒက်ဇ်ကို အသင်းမှာ ဆက်နေဖို့ မျှော်လင့်နေတဲ့ ချဲလ်ဆီးအသင်း”

17 Aug

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ် ကို အသင်းမှာ ဆက်လက်ကစားသွားဖို့ မျှော်လင့်နေပါတယ်။ ချဲလ်ဆီးအနေနဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို စိတ်ဝင်စားတဲ့ ကလပ်တွေအတွက် Deadline ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းအလိုရှိတဲ့ ပေါင် သန်း ၁၂၀ ပမာဏကို ပေးလိုတဲ့ ကလပ်အသင်း မရှိခဲ့ဘဲ မန်စီးတီးနဲ့ ရီးရဲလ်အသင်းတို့က အန်ဇိုဖာနန်ဒက်ဇ်ကို စိတ်ဝင်စားခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ် ဟာ ချဲလ်ဆီးအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ဘင်ဖီကာအသင်းကနေ ပေါင် ၁၀၇ သန်းနဲ့ ရောက်လာခဲ့ကာ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်း ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ (NVS 008)

17 Aug

ADVERTISE HERE .