“ပြည်ပထွက်ကစားဖို့များနေတဲ့ ဆန်ချို”
17 Aug
အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ဟာ ပြည်ပထွက်ကစားဖို့များနေပါတယ်။ အသက် ၂၆ နှစ်သာရှိသေးတဲ့ ဆန်ချို ဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး ၎င်းကို ပရီးမီးယားလိဂ်ကလပ်တချို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းများထွက်ပါ်နေခဲ့ပါတယ်။ ဆန်ချိုဟာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ ၁၅၈ ပွဲအထိ ကစားပေးခဲ့ပြီး ယခုအချိန်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းကလည်း ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဆန်ချို ဟာ မန်ယူအသင်းမှာ ခြေစွမ်းမပြနိုင်ဘဲ ၂၀၂၄ ဇန်နဝါရီလမှာ ဒေါ့မွန်အသင်း၊ ၂၀၂၄-၂၅ ရာသီမှာ ချဲလ်ဆီးအသင်း၊ ၂၀၂၅-၂၆ ရာသီမှာ အက်စတွန်ဗီလာအသင်းတွေထံ အငှားထွက်ကစားခဲ့ရပါတယ်။ အက်စတွန် ဗီလာအသင်းသို့ အငှားပြောင်းရွှေ့မှုမှာ အပြီးသတ်ခေါ်ယူခွင့်ပါပေမယ့် ဗီလာအသင်းဘက်က ပေါင်ငါးသန်းသာ လျော်ကြေးပေးခဲ့ပါတယ်။ လက်ရှိမှာ ဆန်ချိုဟာ non-league ကလပ် Fixton အသင်းနဲ့ ကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းဆင်းနေတယ်လို့ သိရပါတယ်။ (NVS 008)