“စပါးအသင်းနောက်ခံကစားသမား စပန့် ကို ခေါ်ယူလိုက်တဲ့ အင်တာမီလန်အသင်း”
17 Aug
စီးရီးအေထိပ်သီး အင်တာမီလန်အသင်းဟာ စပါးအသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ညာနောက်ခံလူ စပန့် ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ အင်တာမီလန်အသင်းအနေနဲ့ စပန့် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ အသုံးပြုခဲ့ရပြီး ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒမ်ဖရိုင်းစ်နေရာအတွက် စပန့်ကိုခေါ်ယူခဲ့တာဖြစ်ပြီး သူ့အနေနဲ့ မီလန်မြေမှာ အောင်မြင်မှုတွေရယူနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပန့် ဟာ ညာနောက်ခံကစားသမားအဖြစ်သာမက လိုအပ်ရင် ဘယ်နောက်ကစားသမားနေရာမှာပါ ပြောင်းလဲကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန် အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရပေမဲ့ စပန့် ကိုယ်တိုင်က အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ (NVS 008)