“ရိုဒရီ ကို ယူရို ၇၆ ဒသမ ၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ ဘာစီလိုနာအသင်း”
17 Aug
စပိန်ကွင်းလယ်ကစားသမား ရိုဒရီ အတွက် မန်စီးတီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ပြောင်းရွှေ့ကြေး ယူရို ၇၆ ဒသမ ၅ သန်းနဲ့ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက ရိုဒရီအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ နဲ့ အပိုဆုကြေး ယူရို ၁၆ ဒသမ ၅ သန်း ပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက ရိုဒရီ ကို ၄ နှစ်စာချုပ်ချုပ်ဆိုဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက သဘောတူညီမှုရရှိထားခဲ့ပေမယ့် မန်စီးတီးအသင်းကို ၃ ကြိမ်အထိ ကမ်းလှမ်းပြီးမှ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ယိုအန်ဂမ်ပါဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားမယ့် ဗုဒ္ဓဟူးနေ့မတိုင်ခင် ရိုဒရီ ကို အသင်းရဲ့ ကစားသမားသစ်အဖြစ် မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက နွေရာသီအပြောင်းအရွှေ့ စျေးကွက်မပိတ်ခင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ (NVS 008)