“ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ရေဘေးသင့်သူများအတွက် ဆန်နှင့် စားဆီများလှူဒါန်း”

17 Aug

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့မှာ ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုဖြစ်စဥ်များကြောင့် ရေဘေးသင့် နေသူများအတွက် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များက ဆန်နှင့် စားသုံးဆီများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆန်အိတ် ၂၇၅ အိတ်၊ PRO-1 Global Home Center ကုမ္ပဏီမှ ဆန်အိတ် ၁၀၀၊ Yangon Crown ကုမ္ပဏီမှ ဆန်အိတ် ၁၀၀၊ Ruby Empress ကုမ္ပဏီမှ ဆန်အိတ် ၂၅ အိတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် Aung Oo Thar ကုမ္ပဏီလီမိတက်နှင့် GD Good Golden ထရေးဒင်း ကုမ္ပဏီလီမိတက်၏ ဧရာဝတီ တိုင်းအရောင်းကိုယ်စားလှယ်များက စားအုန်းဆီ ၅၀ ကျပ်သား ၅,၀၀၀ ဗူး၊ Than Thar ကုမ္ပဏီလီမိတက်မှ စားအုန်းဆီ ၅၀ ကျပ်သား ၄,၅၀၀ ဗူးတို့ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အဆိုပါလှူဒါန်းမှုများကို ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင် စကားပြောကြားခဲ့ပါတယ်။ (NVS 008)

17 Aug

ADVERTISE HERE .