“YBS ကားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ပယ်ဖျက်”

17 Aug

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို စက်တင်ဘာလ ၁ ရက်မှစတင်၍ ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဆိုသည့် အစီအစဉ်ကို ပြန်လည်ပယ်ဖျက်လိုက်ကြောင်း YRTC ထံမှ သိရပါတယ်။ ယခင်က ယာဉ်ပြင်ဆင်စရိတ်များ မြင့်တက်လာမှုကြောင့် ယာဉ်စီးခများကို ယခင် ကျပ် ၄၀၀ မှ ကျပ် ၆၀၀ သို့ တိုးမြှင့်ရန် စီစဉ်ခဲ့သော်လည်း အဆိုပါတိုးမြှင့်ကောက်ခံမည့်အစီအစဉ်ကို ရုပ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။ ကုန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် YBS ယာဉ်စီးခတိုးမြှင့်ပါက အခြေခံလူတန်းစား ခရီးသည်များအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာ YRTC လက်အောက်ရှိ YBS ယာဉ်အစီးရေ ၆,၀၀၀ ကျော်အနက် နေ့စဉ်ယာဉ်အစီးရေ ၃,၀၀၀ ကျော်ဖြင့် မူလသတ်မှတ် ယာဉ်စီးခနှုန်းထားများအတိုင်း ဆက်လက်ပြေးဆွဲပေးလျက် ရှိပါတယ်။ (NVS 008)

17 Aug

ADVERTISE HERE .