“မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များပြန်လည်နေထိုင်ချိန်တွင် အသိပညာပေးဝေ”
17 Aug
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှာ မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များမှာ ပြန်လည်နေထိုင်သူ များအတွက် အသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၁၆ ရက်က ယာယီရေဘေးရှောင်စခန်းမှာကျင်းပခဲ့ပါတယ်။ ယာယီရေဘေးရှောင်စခန်းကို ညောင်ဦးမြို့၊ အမှတ်(၇)ရပ်ကွက်၊ မြသိန်းတန်ဘုရား၊ အမှတ်(၂)ရပ်ကွက်၊ ယွန်းတန်းဓမ္မာရုံနှင့် အမှတ်(၁) ရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားတို့မှာ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ အခုလိုယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှာ ခိုလှုံနေထိုင်နေကြရတဲ့ ရေဘေးသင့်သူများကို ညောင်ဦး မြို့မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မြစ်ရေပြန်လည်ကျဆင်း၍ နေအိမ်များတွင်ပြန်လည်နေထိုင်ရာမှာ အိမ်၏ ကြံ့ခိုင်ရေးစစ်ဆေးခြင်း၊ ပိုးမွှားအန္တရာယ် ကင်းရှင်းမှုရှိ/မရှိစစ်ဆေးခြင်း၊ သောက်သုံးရေများသန့်ရှင်းမှုရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိစစ်ဆေးခြင်းတို့ပြုလုပ်၍ အန္တရာယ်ကင်းရှင်းမှုရှိမှသာ ပြန်လည် နေထိုင်ကြရေး ဆောင်ရန်/ရှောင်ရန်များ၊ အသက်ကယ်ဝတ်စုံ Life Jacket ဝတ်ဆင်နည်းတို့အား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါတယ်။ (NVS 008)