“မန်စီးတီးအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ဒိုကူ”
16 Aug
မန်စီးတီးအသင်းက တောင်ပံကစားသမား ဒိုကူ ကို ၂ဝ၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒိုကူ အနေနဲ့ မန်စီးတီးအသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ ၂၀၂၅-၂ဝ၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၃၁ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒိုကူ က လာမည့်ဘောလုံးရာသီသစ်မှာ အသင်းနဲ့အတူ အောင်မြင်မှုဆုဖလားများစွာ ရယူသွားမှာဖြစ်ပြီး ကစားသမားဘဝကိုလည်း လက်ရှိအသင်းမှာပဲ ကုန်ဆုံးသွားလိုကြောင်း ပြောခဲ့ပါတယ်။(NVS 008)
16 Aug