“၂၀၂၇ ခုနှစ် စပိန်စူပါဖလားပြိုင်ပွဲကို တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပမည်”

16 Aug

စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က လာမည့် ၂၀၂၇ ခုနှစ် စပိန်စူပါဖလားပြိုင်ပွဲကို တူကီယဲနိုင်ငံ အစ္စတန်ဘူလ် မြို့တွင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း TNT Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ဝင်ငွေရရှိစေရန် ပရိုမိုးရှင်းဆင်းသည့်အနေဖြင့် စပိန်စူပါဖလားပြိုင်ပွဲကို နောက်ပိုင်းနှစ်များတွင် ပြည်ပနိုင်ငံများ၌ သွားရောက်ကျင်းပလေ့ရှိပြီး လာမည့် ၂၀၂၇ ခုနှစ် စပိန်စူပါဖလားပြိုင်ပွဲ ကိုလည်း တူကီယဲနိုင်ငံတွင်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ခုနှစ် စပိန်စူပါဖလားပြိုင်ပွဲကို ပြည်ပပြိုင်ပွဲအဖြစ် ဆော်ဒီအာရေဗျ နိုင်ငံတွင် သွားရောက်ကျင်းပခဲ့ရာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့ပါတယ်။ စပိန်စူပါဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းလေးသင်းဖြင့် ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကျင်းပခြင်းဖြစ်ပြီး ပွဲစဉ် များအဖြစ် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် ဘာစီလိုနာနှင့် အေတီကို၊ ရီးရဲလ်မက်ဒရစ်နှင့် ဆိုစီဒက်အသင်းတို့ ကစားမှာဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပမှာဖြစ်ပါတယ်။(NVS 008)

16 Aug

ADVERTISE HERE .