“ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်း ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ စူပါကွန်ပျူတာခန့်မှန်း”

16 Aug

လာမယ့် ၂၀၂၆-၂၇ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ်လို့ Opta စူပါကွန်ပျူတာက ခန့်မှန်းခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းကိုကျော်ဖြတ်ပြီး ၂၂ နှစ်အတွင်း ပထမဆုံး အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယင်းမတိုင်ခင်မှာ အာဆင်နယ်အနေနဲ့ သုံးရာသီဆက်တိုက် ဒုတိယ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ Opta က အချက်အလက်စုစုပေါင်း ၁၀,၀၀၀ ကျော်ကိုအခြေခံပြီး ယခုခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ခန့်မှန်းချက်မှာ အာဆင်နယ်အသင်းက ချန်ပီယံထပ်ဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ ပါတယ်။ မန်စီးတီးအသင်းကတော့ ဖြစ်နိုင်ခြေ ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ လီဗာပူးလ်အသင်းက ၉ ဒသမ ၂ ရာခိုင်နှုန်း၊ မန်ယူအသင်းက ၆ ဒသမ ၂ ရာခိုင်နှုန်း၊ အက်စတွန်ဗီလာအသင်းက ၄ ဒသမ ၈ ရာခိုင်နှုန်း၊ ချယ်လ်ဆီးအသင်းက ၄ ဒသမ ၁ ရာခိုင်နှုန်း၊ စပါးအသင်းက ၂ ဒသမ ၉ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးရှိခဲ့ပါတယ်။(NVS 008)

16 Aug

ADVERTISE HERE .