“နာပိုလီအသင်းကို ရောက်ရှိဖို့ နီးစပ်နေတဲ့ ဂျေးဇူး”

16 Aug

နာပိုလီအသင်းက ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူး ကိုခေါ်ယူနိုင်ရန် အခြေအနေကောင်းမွန်နေပြီး အာဆင်နယ် အသင်းက ဂျေးဇူး အတွက် အနည်းဆုံး ယူရို ၁၅ သန်းရရှိရန် လိုလားနေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက ဂျေးဇူး ကို ၂၀၂၂ နွေရာသီမှာ မန်စီးတီးအသင်းထံမှ ပေါင် ၄၅ သန်းနဲ့ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး လက်ရှိစာချုပ်က လာမယ့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျေးဇူး က အာဆင်နယ် အသင်းမှာ အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၂၇ ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ တူရကီကလပ်အသင်းနှစ်သင်းက ဂျေးဇူး ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဂျေးဇူး က လက်မခံခဲ့ဘဲ ဥရောပထိပ်သီးလိဂ် ၅ ခုက အသင်းတွေမှာသာ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတာကြောင့် နာပိုလီ အသင်းက ခေါ်ယူနိုင်ရန် အခြေအနေကောင်းမွန်နေပါတယ်။ နာပိုလီအသင်းက ပရီးမီးယားလိဂ်ကစားသမားတွေကို အဓိကထားခေါ်ယူနေပြီး လက်ရှိအချိန်မှာ ဂျေးဇူး ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်းသိရပါတယ်။(NVS 008)

16 Aug

ADVERTISE HERE .