“ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဂိုးနည်းပြအဖြစ် ဘားသက်ဇ် ကိုခေါ်ယူခဲ့တဲ့ ဇီဒန်း”

16 Aug

ပြင်သစ်လက်ရွေးစင်အသင်း နည်းပြ ဇီဒန်း က လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်တဲ့ ဘားသက်ဇ် ကို ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဂိုးနည်းပြအဖြစ် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ နည်းပြ ဇီဒန်း အနေနဲ့ ပြင်သစ်လက်ရွေးစင်နည်းပြအဖြစ် ၂၀၃၀ ခုနှစ်အထိ ခန့်အပ်ခံထားရပြီး နည်းပြအဖွဲ့ စတင်ဖွဲ့စည်းရာမှာ ဘားသက်ဇ် ကို ဂိုးနည်းပြအဖြစ် တာဝန်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၅၅ နှစ်ရှိ ဘားသက်ဇ် က ပြင်သစ်လက်ရွေးစင် ဂိုးသမားဟောင်းဖြစ်ပြီး ပြင်သစ်ကလပ်တွေအပြင် မန်ယူအသင်းမှာလည်း ကစားခဲ့သူဖြစ် ပါတယ်။ ဘားသက်ဇ် က ၂၀၀၆ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့ပြီး လောရင့်ဘလန့် ပြင်သစ်လက်ရွေးစင် နည်းပြအဖြစ်ဆောင်ရွက်စဉ်က ၂၀၁၀ ပြည့်နှစ်မှာ ဂိုးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဘားသက်ဇ် အနေနဲ့ ဇီဒန်း၊ လောရင့်ဘလန့် တို့နဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ယူရို-၂၀၀၀ ချန်ပီယံဆုတွေကို ရယူနိုင်ဖူးပြီး လက်ရှိမှာ နည်းပြ ဇီဒန်း က နည်းပြအဖွဲ့ကို အင်အားတောင့်တင်းစွာ ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။(NVS 008)

16 Aug

ADVERTISE HERE .