“ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုခွင့်ပြု”
16 Aug
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က SKD စနစ်ဖြင့် EV (၂)ဘီး၊ (၃)ဘီးထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၄)ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ စက်မှုကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂ ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၆ ခု၊ ဝန်ဆောင်မှုကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂ ခု၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၌ မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၃ ခု၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁ ခုတို့ကို ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများတွင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော် တည်ဆောက်ရောင်းချ ငှားရမ်းခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် ကုန်တင်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ SKD စနစ်ဖြင့် လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ထော်လာဂျီယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လူသုံးကုန် လျှပ်စစ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ပလတ်စတစ်ပြားနှင့် ပလတ်စတစ်ဘူးခွံ အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများ ပါဝင်ပါတယ်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၄ သန်းနှင့် ငွေကျပ် ၁,၁၇၈,၇၃၁ ဒသမ ၉၂၅ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၃၃၆ ဦးကို အလုပ်အကိုင်များ ရရှိစေမည် ဖြစ်ကြောင်း သိရပါတယ်။(NVS 008)