“သူရဲဈေး–တောင်ပြုံး အထူးရထားကို တောင်ပြုံးပွဲတော်ကာလအတွင်း နေ့စဉ်အသွား/အပြန် ပြေးဆွဲမည်”
16 Aug
တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာရောက်သူများ သွားလာရေး အဆင်ပြေစေရန် မန္တလေးမြို့ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ အထူးရထားခရီးစဉ်များကို ဩဂုတ်လ ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေ့စဉ်အသွား/အပြန် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန် ထားရှိပါတယ်။ အဆိုပါ အထူးရထားခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ကျပ် ၁,၀၀၀ သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း နေ့စဉ် ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ နံနက်ပိုင်းခရီးစဉ်တွင် သူရဲဈေးဘူတာမှ နံနက် ၇ နာရီတွင်ထွက်ခွာကာ တောင်ပြုံးဘူတာသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမှာဖြစ်ပြီး အပြန်ခရီးစဉ်ကို တောင်ပြုံးဘူတာမှ နံနက် ၉ နာရီတွင်ထွက်ခွာပြီး သူရဲဈေး ဘူတာသို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။(NVS 008)
16 Aug