“လျှပ်စစ်မီတာအသစ်များ လျှောက်ထားရာတွင် ပေးသွင်းရမည့် ဈေးနှုန်းများထုတ်ပြန်”

15 Aug

လျှပ်စစ်မီတာအသစ်များကို Website မှလျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ လျှပ်စစ်မီတာအသစ် လျှောက်ထားရာတွင် ဌာနမှသတ်မှတ်ချက်နှင့်ကိုက်ညီသော လျှောက်ထားမှုများ အတွက် သတ်မှတ်ကြေးငွေပေးသွင်းရာ၌ ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထားများက ယခင်အတိုင်းပြောင်းလဲခြင်းမရှိဘဲ၊ နှုန်းထားများအနေဖြင့် အိမ်သုံးမီတာ ၂၅၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ(10 kW) အတွက် ၁,၀၀၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ(20 kW)ကို ၁,၂၃၀,၀၀၀ ကျပ်၊ အိမ်သုံးပါဝါမီတာ(30 kW) ၁,၄၆၀,၀၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ(10 kW)ကို ၁,၀၇၇,၅၀၀ ကျပ်၊ စက်မှုသုံးပါဝါမီတာ(20 kW)ကို ၁,၃၈၂,၅၀၀ ကျပ်နှင့် စက်မှုသုံးပါဝါမီတာ(30 kW)ကို ၁,၆၈၇,၅၀၀ ကျပ်အဖြစ် သတ်မှတ်ထားရှိပါတယ်။ အဆိုပါ နှုန်းထားများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ရုံးချုပ်)၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရုံးများသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် လျှပ်စစ်မီတာအသစ်များကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်း အသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။(NVS 008)

15 Aug

ADVERTISE HERE .