“စစ်ကိုင်းမြို့ပေါ် ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့မှုများပေးအပ်”

15 Aug

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်ကိုးခုရှိ ရေဘေးသင့်အိမ်ထောင်စု ၄၁၂ စု၊ လူဦးရေ ၁,၅၆၉ ဦးအတွက် ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူးများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် ငွေကျပ် ၁၁၄ သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း က စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ် ထုံးဘိုရပ်ကွက် ရေဘေးရှောင်စခန်းရှိ ထုံးဘိုရပ်ကွက်နှင့် တကောင်းရပ်ကွက် တို့ရှိ ရေဘေးသင့်အိမ်ထောင်စု ၅၀ မှ လူဦးရေ ၂၀၄ ဦး၊ သောတာပန်ရပ်ကွက် လေးကျွန်းမာရ်အောင် ဘုရားဝင်းအတွင်းရှိ သောတာပန်ရပ်ကွက်နှင့် စိန်ကုန်းရပ်ကွက်တို့မှ ရေဘေးသင့်အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၅၀၊ ဧမြဝတီရပ်ကွက် ရှစ်မျက်နှာ ဘုရားဝင်း အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၁၇၅ စု၊ လူဦးရေ ၆၅၀ တို့ အတွက် ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူးများ၊ ရေဘေးသင့်ပြည်သူများအနက်မှ ကိုယ်ဝန်ဆောင်မိခင်များ၊ ငါးနှစ်အောက်ကလေးများ၊ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင်ငွေကျပ် ၃၀,၀၀၀ နှုန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ထို့နောက် စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းရှိ အမြင်အာရုံချို့တဲ့သူများနှင့် ကလေးငယ်များ အတန်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှု၊ သင်တန်းသားအိပ်ဆောင်၊ စာသင်ဆောင်၊ အသက်မွေးဝမ်းကျောင်း သင်တန်းဆောင်တို့ကို လှည့်လည်ကြည့်ရှုပြီး စစ်ကိုင်းမြို့ အသင်္ခရာရိပ်သာ၌ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြား၍ တင်ပြချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 008)

15 Aug

ADVERTISE HERE .