“နောက်ခံလူ ကွန်ဆာ ကိုခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်း”
14 Aug
အာဆင်နယ်အသင်းက အခုနွေရာသီမှာ ခံစစ်ပိုင်းကိုအားဖြည့်ဖို့အတွက် အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန် နောက်ခံလူ ကွန်ဆာ ကို စိတ်ဝင်စားနေကြောင်းသိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွန်ဆာ အား အာဆင်နယ်အသင်းက အခုနွေရာသီ အပြောင်းအရွှေ့အစပိုင်းမှာ စိတ်ဝင်စားခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းက ပေါင်သန်း ၆၀ သတ်မှတ်ထားပြီး အာဆင်နယ်အသင်းက ပေါင်သန်း ၃၀ သာ ပေးလိုတာကြောင့် သဘောတူညီမှုမရခဲ့တာ ဖြစ်ပါတယ်။ ကွန်ဆာ အနေနဲ့ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ကွင်းလယ်လူ ဂွီမာရေ့စ် ကို ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုက မပြီးသေးဘူးလို့ နည်းပြ အာတီတာ က ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ စပါး နောက်ခံလူ ရိုမဲရိုး ကိုလည်း စိတ်ဝင်စားခဲ့ပေမယ့် စပါးအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ သဘောတူညီမှု ရသွားပြီဖြစ်လို့ ကွန်ဆာ ကို ခေါ်ယူနိုင်ဖို့ကိုသာ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။(NVS 008)