“လီဝန်ဒေါစကီး အား အသင်းရဲ့ ဂန္ထဝင်ကစားသမားစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ဘာစီလိုနာအသင်း”

14 Aug

စပိန်ကလပ် ဘာစီလိုနာအသင်းက အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်တွင် ကစားသမားဟောင်း တစ်ဦး ဖြစ်သည့် လီဝန်ဒေါစကီး အား အသင်းဂန္ထဝင်ကစားသမား(Legendary Player)အဖြစ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် လီဝန်ဒေါစကီး က ၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်မှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ ကစားပြီး အသင်းနှင့်အတူ လေးရာသီကြာကစားခဲ့ကာ ဘောလုံးရာသီတိုင်းမှာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ ပါတယ်။ လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံး ကာ လမ်းခွဲပြီးနောက် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းသို့ အလွတ်ပြောင်းရွှေ့ကစားခဲ့ပါတယ်။ လီဝန်ဒေါစကီး အနေနဲ့ ဘာစီလိုနာအသင်းနှင့်အတူ လေးရာသီကြာ ပါဝင်ကစားခဲ့ပြီးနောက် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၉၃ ပွဲအထိ ပါဝင်ကစားခဲ့ကာ သွင်းဂိုး ၁၂၀ အထိ သွင်းယူနိုင်ပြီးနောက် ဘာစီလိုနာအသင်းက အသင်းမှ ဂန္ထဝင်ကစားသမားများဖြစ်ကြသည့် အင်နီယေစတာ၊ ဇာဗီ၊ မက်ဆီ စသည့် အသင်းဂန္ထဝင်ကစားသမားစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ လီဝန်ဒေါစကီး ဟာ ဘာစီလိုနာအသင်းနှင့်အတူ စပိန်လာလီဂါဖလားပြိုင်ပွဲတွင် ၂၀၂၃ ၊ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ် တို့တွင် ချန်ပီယံဆုဖလားများ ဆွတ်ခူးနိုင်ခဲ့သလို ၂၀၂၅ ခုနှစ်တွင် ကိုပါဒယ်ရေးဖလား၊ ၂၀၂၃ ၊ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ် တို့တွင်လည်း စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။(NVS 008)

14 Aug

ADVERTISE HERE .