“အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဂျပန်လူမျိုးကစားသမား ငါးဦးထိခေါ်ယူခဲ့တဲ့ ဧရာဝတီအသင်း”

14 Aug

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲကစားရမည့် ဧရာဝတီအသင်းက ပြိုင်ပွဲမတိုင်မီ ဂျပန်လူမျိုး ကစားသမားငါးဦးထိအား တစ်ပြိုင်နက်တည်း ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ လက်ရှိတွင် ဧရာဝတီအသင်းက မြန်မာလက်ရွေးစင် အမျိုးသမီးအဆင့် ကစားသမားငါးဦးကို ခေါ်ယူထားတဲ့ အပြင် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးလက်ရွေးစင်အသင်း ကစားသမားဖြစ်သည့် ရီတူ ကိုလည်း ခေါ်ယူခဲ့ပါတယ်။ ယခုအခါ ဂျပန်လူမျိုး ကစားသမားများဖြစ်သော အိုကာမူရာ၊ ဒီရှီမာရူ၊ မက်ဆူအို၊ ကာဆိုင် နဲ့ မိုချီဇူကီ စတဲ့ ကစားသမားငါးဦးကို တစ်ပြိုင်နက်တည်း ခေါ်ယူကာ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဧရာဝတီအသင်းအနေနဲ့ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲအဆင့် အုပ်စုပွဲစဉ်များကို အိမ်ကွင်း အဖြစ် သုဝဏ္ဏအားကစားကွင်းတွင် လက်ခံကစားမှာဖြစ်ပြီး အုပ်စုပွဲစဉ်များအဖြစ် ဩဂုတ်လ ၁၇ ရက်တွင် စင်ကာပူ ကလပ် FC Jorong အသင်း၊ ဩဂုတ်လ ၂၀ ရက် တွင် လက်ဘနွန်ကလပ် No Limits FC အသင်း၊ ဩဂုတ်လ ၂၃ ရက် တွင် တရုတ်(တိုင်ပေ)ကလပ် New Taipei City အသင်းတဲ့နဲ့ ကစားရမှာဖြစ်ပါတယ်။(NVS 008)

14 Aug

ADVERTISE HERE .