“ချဲလ်ဆီးအသင်းက ဗယ်လက်ကာနိုအသင်း နောက်ခံကစားသမား ချဗာရီယာ ကိုခေါ်ယူ”

14 Aug

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းက ဗယ်လက်ကာနိုအသင်း နောက်ခံကစားသမား ချာဗာရီယာ ကို စတာလင်ပေါင် ၁၆ ဒသမ ၃ သန်းဖြင့် ၂၀၃၁ ခုနှစ်အထိ ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း အတည်ပြုကြေညာခဲ့ ပါတယ်။ နောက်ခံကစားသမား ချာဗာရီယာ က ဗယ်လက်ကာနိုအသင်းနှင့်အတူ ၂ဝ၂၂-၂၀၂၃ မှ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၂၅ ပွဲကစားပေးခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ချာဗာရီယာ က ယခုနှစ်နွေရာသီမှာ ချဲလ်ဆီးအသင်းသို့ ရောက်ရှိလာတဲ့ ကိုးဦးမြောက်ကစားသမားလည်း ဖြစ်ပါတယ်။ ချာဗာရီယာ က ချဲလ်ဆီးအသင်းလို ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းမှာ ကစားခွင့်ရလို့ ပျော်ရွှင်မိကြောင်းနဲ့ အသင်းနဲ့အတူ အောင်မြင်မှုတွေရရှိအောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။(NVS 008)

14 Aug

ADVERTISE HERE .