“ပြည်ပကစားသမား ၄ ယောက်မြောက်အဖြစ် ဘရာဇီးကွင်းလယ်လူကို ခေါ်ယူလိုက်တဲ့ ရတနာပုံအသင်း”
14 Aug
ရတနာပုံအသင်းဟာ လာမယ့်ရာသီအတွက် ၄ ဦးမြောက် ပြည်ပကစားသမားအဖြစ် ဘရာဇီးကွင်းလယ်လူ ဗီတင်ဟို ကို ခေါ်ယူစာချုပ်လိုက်ကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်ရှိ ဘရာဇီးကစားသမား ဗီတင်ဟို ဟာ ကွင်းလယ်တိုက်စစ်အပြင် ကွင်းလယ်ခံစစ်နေမှာပါ ကစားနိုင်သူဖြစ်ကြောင်း သိရပါတယ်။ ဗီတင်ဟို က ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘရာဇီးကလပ်အသင်း များမှာ စတင်ခဲ့ပြီး အယ်ဘေးနီးယားကလပ်အသင်းများတွင်လည်း သွားရောက်ကစားထားဖူးကြောင်း သိရပါတယ်။ ဗီတင်ဟို အနေနဲ့ ရတနာပုံအသင်းမှာ ကျောနံပါတ် ၅ ဝတ်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ရတနာပုံအသင်းဟာ ဗီတင်ဟို မတိုင်မီ ဂျပန်နောက်ခံကစားသမား ဆိုင်တို၊ ဂါနာကွင်းလယ်လူ ဖော်စတာ နဲ့ ဂီနီရှေ့တန်းလူ တိုရေး တို့ကို ခေါ်ယူထားကြောင်း သိရပါတယ်။ (NVS 008)
14 Aug