“နာပိုလီအသင်း တိုက်စစ်မှူး လူကာကူ ကို ခေါ်ယူလိုက်တဲ့ ဖီနာဘာချီအသင်း”

14 Aug

တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းဟာ နာပိုလီအသင်းရဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ ကို ခေါ်ယူခဲ့ပါတယ်။ ဖီနာဘာချီအသင်းအနေနဲ့ လူကာကူ အတွက် ယူရို ၆ သန်းပေးချေခဲ့ရပြီး ၁ ရာသီစာချုပ်အပြင် တစ်ရာသီ ထပ်တိုးခွင့်ပါရှိပါတယ်။ ဖီနာဘာချီအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် လူကာကူ က အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သလို၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ၁၀၀ ရာခိုင်နှုန်း ပြည့်ဝနေပြီ လို့လည်း ပြောကြားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံဝါရင့်တိုက်စစ်မှူး လူကာကူ ဟာ ၂၀၂၄-၂၅ ရာသီမှာ နာပိုလီအသင်းနဲ့ စီးရီးအေချန်ပီယံဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းကာလတွေကတော့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေ ခဲ့ရပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .