“တူရကီကလပ် ဘက်ဆစ်တက်စ် သို့ ပြောင်းရွှေ့ခဲ့တဲ့ ဗလာဟိုဗစ်”
14 Aug
ဂျူဗင်တပ်စ်အသင်းရဲ့ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ် ဟာ ဘက်ဆစ်တက်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဗလာဟိုဗစ် ကို ဘက်ဆစ်တက်စ်ပရိသတ် ၃ ထောင်ဝန်းကျင်က ကြိုဆိုခဲ့ကြပြီး ၃ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ဆစ်တက်စ်အသင်းဟာ ဗလာဟိုဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမဲ့ လက်မှတ် ထိုးကြေးအပါအဝင် သူ့အတွက်စုစုပေါင်းအသုံးစရိတ် ယူရို ၃၅ သန်းဝန်းကျင်အထိ အသုံးပြုခဲ့ရပါတယ်။ ဗလာဟိုဗစ် ဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၅ ရာသီအတွင်း ပြိုင်ပွဲစုံ ၁၆၈ ပွဲကစားကာ သွင်းဂိုး ၆၈ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နောက်ဆုံးရာသီမှာတော့ ပွဲထွက်ခွင့်တွေနည်းပါးခဲ့ပါတယ်။ (NVS 008)
14 Aug