“ရိုမဲရိုး နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ အက်သလက်တီကိုအသင်း”
14 Aug
စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ စပါးအသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုး ကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ စပိန်သတင်းစာတွေရဲ့ဖော်ပြချက်အရ အက်သလက်တီကိုအသင်းအနေနဲ့ ရိုမဲရိုး အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ပေးချေရမှာဖြစ်ပြီး နည်းပြ ဆီမြွန်နီ ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်လာဖွယ် ရှိနေပါတယ်။ တခြားဥရောပထိပ်သီးအသင်းတချို့ ပစ်မှတ်ထားခြင်းကိုခံခဲ့ရပေမယ့် ရိုမဲရိုး ကိုယ်တိုင်က အက်သလက်တီကို အသင်း ရဲ့ ချိတ်ဆက်မှုကို လက်ခံခဲ့ပြီး မကြာခင် ဆေးစစ်မှုခံယူသွားမယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ရိုမဲရိုး ဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၁၂၃ ပွဲအထိကစားခဲ့တဲ့ ဝါရင့်နောက်ခံကစားသမား တစ်ယောက် ဖြစ်ပါတယ်။ (NVS 008)
14 Aug