“ဓာတ်အားလေလွင့်မှုလျှော့ချနိုင်ရန် ဓာတ်အားဖြန့်ဖြူးမှုကို Digital စနစ်သို့ ကူးပြောင်းရေးဆောင်ရွက်”

14 Aug

လျှပ်စစ်ဓာတ်အားလေလွင့်ဆုံးရှုံးမှု နည်းပါးစေရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်ကို Digital စနစ်သို့ အရှိန်အဟုန်မြှင့် ကူးပြောင်းလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရပါတယ်။ အဆိုပါစနစ်ကူးပြောင်းမှုအတွက် သက်တမ်းနှစ် ၂၀ ကျော်လွန်နေတဲ့ မီတာများအား လဲလှယ်ပေးခြင်း၊ မီတာ အသစ်လျှောက်ထားသူများကို e-Meter Application မှတစ်ဆင့် အမြန်ဆုံးတပ်ဆင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိ ပါတယ်။ ထိုသို့ကူးပြောင်းရန် ဒက္ခိဏသီရိမြို့နယ်ရှိ မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲနှင့် ပစ္စည်းစီမံခန့်ခွဲရေးဌာနတို့၌ Digital Smart Meter များ စနစ်တကျစမ်းသပ်စစ်ဆေး ထိန်းသိမ်းထားရှိမှု၊ Server နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု တို့ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ဩဂုတ်လ ၁၂ ရက်မှာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ များအနေနဲ့ အွန်လိုင်းမှတစ်ဆင့် မီတာအလွယ်တကူ လျှောက်ထားနိုင်ရန်နှင့် သတ်မှတ်နှုန်းထားများအတိုင်း မသမာမှုကင်းရှင်းစွာ တပ်ဆင်ပေးရေးအတွက် လိုအပ်သည်များ မှာကြားခဲ့ပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .