“မင်းလှမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်၍ ရေဘေးသင့်သူ ၅၈ ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေးထား”

14 Aug

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီး မှနေအိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် မြစ်ရေဝင်ရောက်နေတဲ့ နေအိမ် ၁၇ လုံးမှာနေထိုင်သူ ၅၈ ဦးကို လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက သြဂုတ်လ ၁၃ ရက်နံနက်ပိုင်းမှာ ရေဘေးရှောင်စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ စာကြောစာသင်တိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ရေဘေးသင့်သူများနေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စီမံဆောင်ရွက်ပေးထားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဆန်ရိက္ခာဖိုးများ ထောက်ပံပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .