“အလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထုတ်ပြန်”

14 Aug

လေးမျက်နှာမြို့နယ်မှာ ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုဖြစ်စဥ်တွင် လုပ်အားဒါနကူညီပေးကြသူများနှင့် ပြည်တွင်း/ပြည်ပအလှူရှင်များအားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်ရှိပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ယခုကဲ့သို့ အဖိုးတန်သော ကူညီပံ့ပိုးမှုနှင့် မေတ္တာတရားများက ရေဘေးသင့်သူများအတွက် အားကိုးရာ ခွန်အားနှင့် မျှော်လင့်ချက်အလင်းရောင်များဖြစ်ခဲ့ရပြီး စေတနာထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းကြသူ တစ်ဦးချင်းစီ၏ မွန်မြတ်သော စေတနာကောင်းများကြောင့် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေ ကြောင်း နှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း အလေးအနက်ဆုမွန်ကောင်းတောင်းတယ်လို့ ထုတ်ပြန်ခဲ့ ပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .