“မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက် ပျက်ကွက်ပါက ပြည်တွင်း၌သာဆောင်ရွက်ရမည်”

14 Aug

ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်ပြီး အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် ၅ နှစ်နှင့်အထက် ပျက်ကွက်နေပါက မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ၍ သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်လိုက်ပါတယ်။ အဆိုပါမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးအနေနဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ မြန်မာသံရုံး (တိုကျိုမြို့)အနေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်သော်လည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့်ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများအနေနဲ့ မိမိတို့၏နိုင်ငံကူးလက်မှတ်များကို သက်တမ်းမကုန်ဆုံးမီ ၆ လအလိုကတည်းက ကြိုတင်၍ သက်တမ်းတိုးဆောင်ရွက်ကြရန် မြန်မာသံရုံးက တိုက်တွန်းထားပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .