“ဥရောပစူပါဖလားကို နှစ်နှစ်ဆက်ဆွတ်ခူးနိုင်ခဲ့တဲ့ PSG အသင်း”

13 Aug

ချန်ပီယံလိဂ် နှစ်နှစ်ဆက်ချန်ပီယံ PSG အသင်းဟာ ယခုနှစ် ဥရောပစူပါဖလားပွဲမှာ ယူရိုပါလိဂ်ချန်ပီယံ အက်စတွန်ဗီလာအသင်းကို ၂-၁ ဂိုးနဲ့နိုင်ပြီး နှစ်နှစ်ဆက် ဆွတ်ခူးခဲ့ပါတယ်။ PSG အသင်းအတွက် ခါဗာရာဆကယ်လီယာနှင့် ဒူအေ တို့က သွင်းယူခဲ့ပြီး ဗီလာအသင်းရဲ့သွင်းဂိုးကို မက်ဂျိုး က ၄၅ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ အခုပွဲ ဒိုင်လူကြီးအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ တာဝန်ထမ်းဆောင်ခွင့်မရတဲ့ ဆိုမာလီဒိုင်လူကြီး အိုမာအာတန် က ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အသက် ၁၇ နှစ်သားအရွယ် မက်ဂျိုး ဟာ ဥရောပစူပါဖလားပွဲမှာ အသက်ငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီ ကတော့ နည်းပြအဖြစ် ဥရောပစူပါဖလားပွဲ လေးပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။ ယခင်သုံးကြိမ်ကတော့ ဆီဗီလာ၊ ဗီလာရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ဖြစ်ပါတယ်။ (NVS 008)

13 Aug

ADVERTISE HERE .