“နယ်သာလန်လက်ရွေးစင် နည်းပြရာထူးအတွက် ရောဘတ်တိုမာတီနက်ဇ် ဆွေးနွေးနေ”
13 Aug
၂ဝ၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပေါ်တူဂီလက်ရွေးစင်နည်းပြရာထူးက နုတ်ထွက်ခဲ့တဲ့ ရောဘတ်တို မာတီနက်ဇ် ဟာ လက်ရှိအချိန်မှာ နယ်သာလန်လက်ရွေးစင်နည်းပြရာထူးအတွက် ဆွေးနွေးနေကြောင်း သိရပါတယ်။ နယ်သာလန်အသင်းက ၂ဝ၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃၂)သင်းအဆင့်က ထွက်ခဲ့ရပြီးနောက် နည်းပြ ရော်နယ်လ်ကိုးမန်း လမ်းခွဲသွားတဲ့အတွက် နည်းပြရာထူး လစ်လပ်နေတာဖြစ်ပါတယ်။ အဆိုပါရာထူးကို လက်ရွေးစင် နည်းပြဟောင်း လူးဝစ်ဗန်ဟားလ် က ပြန်လည်ရယူဖို့ ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်ခဲ့ပါတယ်။ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ဂွါဒီယိုလာ၊ တန်ဟက်ဂ်၊ အာနယ်ဆလော့တို့ကို ချဉ်းကပ်ခဲ့ပေမယ့် မအောင်မြင်တာကြောင့် လက်ရှိအချိန်မှာ ရောဘတ်တိုမာတီနက်ဇ် ကို ပစ်မှတ်ထားနေခြင်းဖြစ်ပြီး စပိန်နိုင်ငံ၊ မာလာဂါမြို့မှာ စတင်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
13 Aug