“မော်ရိုကိုလူငယ်ကစားသမား ဘူအက်ဒီ ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ မန်စီးတီးအသင်း”
13 Aug
မန်စီးတီးအသင်းဟာ လိုင်လီအသင်းက မော်ရိုကိုလူငယ်ကစားသမား ဘူအက်ဒီ ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဘူအက်ဒီ ဟာ မန်စီးတီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းက ဘူအက်ဒီ ရဲ့ယူရို သန်း ၁၀၀ တန် အပြောင်းအရွှေ့အတွက် လိုင်လီအသင်းနဲ့သာ အပြီးသတ်ဆွေးနွေးရဖို့ကျန်ရှိနေပြီး လိုင်လီအသင်းကလည်း လာမယ့်ရာသီသစ်အတွက် ဘူအက်ဒီကို ဆက်ထိန်း ထားဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က ၂၀၂၇ ခုနှစ် နွေရာသီအထိ စောင့်ရဖို့ သို့မဟုတ် အသင်းမှာ တစ်နှစ်အငှားပြန်ကစားဖို့ထက် မန်စီးတီးကို တိုက်ရိုက်ပြောင်းရွှေ့ဖို့ အလိုရှိနေတာဖြစ်ပါတယ်။ (NVS 008)
13 Aug