“နောက်ခံလူ ဗန်ဒီဗန်ကို ကာလရှည်သက်တမ်းတိုးခဲ့တဲ့ စပါးအသင်း”
13 Aug
စပါးအသင်းဟာ ဒတ်ချ်လက်ရွေးစင်နောက်ခံလူ ဗန်ဒီဗန်ကို ၂၀၃၁ ခုနှစ်အထိ ကာလရှည်သက်တမ်း တိုးခဲ့ပါတယ်။ ဗန်ဒီဗန် အနေနဲ့ ၂၀၂၃ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ပြောင်းရွှေ့လာချိန်မှာ ၂၀၂၉ ခုနှစ်အထိ ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်။ လက်ရှိမှာတော့ စပါးအသင်းက ဗန်ဒီဗန် ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးပြီး စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ ဗန်ဒီဗန် အနေနဲ့ ၂၀၂၅ ခုနှစ်မှာ စပါးအသင်း ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ ကူညီခဲ့ပြီး စပါးအသင်း တန်းဆင်းဇုန်က လွတ်မြောက်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီ နောက်ဆုံးခြောက်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ စပါးနည်းပြ ဒီဇယ်ဘီ က ဗန်ဒီဗန် ကို ဥရောပရဲ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ ဗန်ဒီဗန် ဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၉၆ ပွဲ ကစားခဲ့ပြီး နယ်သာလန်အသင်းကို ၂၄ ပွဲ ကိုယ်စားပြုကစားခွင့် ရရှိခဲ့ပါတယ်။ (NVS 008)