“သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာပညာရေးနှင့် သုတေသနဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ရေးထိုး”

13 Aug

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာပညာရေးနှင့် သုတေသနမြှင့်တင် ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ်လ ၁၁ ရက်မှာ မော်စကိုမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါသဘောတူညီချက်ကို နှစ်ဘက်အဖွဲ့အစည်းများကြား ဗုဒ္ဓဘာသာစာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အပြန်အလှန် နားလည်မှုတိုးတက်စေရန်တို့ ရည်ရွယ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။ သဘောတူညီချက်အရ ဗုဒ္ဓဘာသာဒဿနိကဗေဒ၊ သမိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များ၊ ပညာရပ် ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ သင်ကြားရေးဆရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများအပြန်အလှန်လဲလှယ်၍ သင်တန်းပို့ချခြင်းနှင့် သုတေသနပြုခြင်း၊ ရှေးဟောင်းဗုဒ္ဓဘာသာစာပေများ၊ သမိုင်းဝင်နေရာများနှင့် ခေတ်ပြိုင် သင်ကြားမှုများဆိုင်ရာ ပူးတွဲသုတေသနပြုခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစာချုပ်ကို သီတဂူဆရာတော်ကြီးနှင့် ရုရှားနိုင်ငံဖောင်ဒေးရှင်းနှင့် ရုရှား State University အာရှရေးရာ ဥက္ကဋ္ဌ Mr. Alexey Maslov တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်သက်တမ်းမှာ ၅ နှစ်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

13 Aug

ADVERTISE HERE .