“ဖလမ်းမြို့မှာ 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက်ရှိ”

13 Aug

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုနဲ့ ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက်မှာ 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက်ရှိပါတယ်။ ယခင်က ဖလမ်းမြို့နှင့်အနီးအနားရှိ ကျေးရွာများကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း 400 Volt လျှပ်စစ်ဓာတ်အားပေးလိုင်း ၂၆ မိုင်ရှိတဲ့အနက် အကြမ်းဖက် ဖြစ်စဉ် များကြောင့် 400 Volt လျှပ်စစ်ဓာတ်အားလိုင်း ခုနစ်မိုင်ခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ လက်ရှိမဟာဓာတ်အား လိုင်းနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံတို့မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးချိန်မှာ အဆင်သင့် ဖြစ်စေရေးအတွက် လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းပြင်ဆင်နေမှုများကို လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ (NVS 008)

13 Aug

ADVERTISE HERE .