“ရေပြန်လည်ကျဆင်းလာပါက စာသင်ကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကိုအမြန်ဆုံးဖွင့်လှစ်မည်”

13 Aug

ရေပြန်လည်ကျဆင်းလာပါက စာသင်ကျောင်းများ၊ ဆေးရုံနှင့်ဌာနဆိုင်ရာရုံးများကို အမြန်ဆုံးဖွင့်လှစ်မည်ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် က သြဂုတ်လ ၁၁ ရက်နံနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆွေးနွေးပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းပံ့ပိုးကူညီကြရမည်ဖြစ်ပြီး ရေပြန်လည်ကျဆင်းပါက ပြန်လည်စိုက်ပျိုးရေးလုပ်ငန်းများကို ဦးစားပေးအနေနဲ့ ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် လိုအပ်သောစက်ယန္တရားများ၊ မျိုးစေ့နှင့်သွင်းအားစုများကို အသင့်စုဆောင်းပြင်ဆင်ထားရမှာ ဖြစ်တဲ့အပြင် စာသင်ကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကိုလည်း အမြန်ဆုံးဖွင့်လှစ်ရမယ်လို့ ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာများအနေနဲ့ မိမိတို့ဌာန၏ မူလတာဝန်များအပြင် ရေဘေးသင့်ဒေသပြန်လည် ထူထောင်ရေးလုပ်ငန်းများမှာ တက်ညီလက်ညီပူးပေါင်းပါဝင်ဆောင်ရွက်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

13 Aug

ADVERTISE HERE .